Tuesday, February 6, 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အနီးကပ်လုံခြုံရေးအကြီးအကဲ ရာထူးပြောင်းရွှေ့

နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးအရာရှိချုပ်ဌာနကြီး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ဇန်န၀ါရီလ (၃၀)ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။အရင်က လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲမှာ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ရာထူးကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းနိုင်ထွန်းဟာ ၂၀၁၆၊ ဧပြီ မှာ သမ္မတရုံး လုံခြံရေးအရာရှိချုပ် ဗိုလ်မှူးချုပ် ၀င်းမြင့် ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ပြီးနောက် သူ့နေရာမှာ အစားထိုး ၀င်ရောက် ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိက ကြီးကြပ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ရီရီမြင့်ကိုလည်း ရန်ကုန်ပြည်သူဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး၊ကုသရေး) ရာထူးကို ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့လည်း အဲဒီနေ့ထုတ်သတင်းစာထဲမှာ ဖော်ပြထားပါတယ်။


Monday, February 5, 2018

ထောက်ကြန့်မှာ ယာဉ်မောင်းကို အုပ်စုဖွဲ့ ရိုက်နှက်သည့် ဆိုင်ကယ်သမားများကို သုံးနာရီအတွင်း ဖမ်းမိ

 ထောက်ကြံ့လမ်းဆုံမှာ ယာဉ်မောင်းတစ်ဦးကို လူအုပ်စုတစ်စုက ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အခုအခါ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူတွေကို ဖမ်းဆီးရမိထားပြီးလို့ သိရပါတယ်။ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဦးစိုးသန်းမြင့်ဟာ ထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်မှာ ယာဉ်ကြောပိတ်နေခဲ့ပြီး ကားထွက်လိုက်ချိန်မှာ ဘရိတ်အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်းမောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ထောက်ကြန့်လမ်းဆုံနားအရောက်မှာ ဆိုင်ကယ်သုံးစီးဟာ သူ့ရဲ့ကားရှေ့မှ ပိတ်ရက်ပြီး လူငါးဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဝိုင်းဝန်းထိုးကြိတ်ခံရမှုကြောင့် ဦးစိုးသန်းမြင့်ဟာ ဖူးယောင်ဒဏ်ရာတွေ ရခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။  မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းခဲ့ရာမှတဆင့် ပြစ်မှုကျူးလွန်သူ အမျိုးသားငါးဦးကို သုံးနာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေစီးနင်းတဲ့ ဆိုင်ကယ်တွေဟာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖြစ်နေတဲ့အတွက် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့လည်း ဆက်လက်အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Monday, January 22, 2018

4K OLED DISPLAY သုံး SONY XPERIA XZ PRO ရှေ့ လထဲ မိတ်ဆက်သွားမည်Sony ထုတ် စမတ်ဖုန်းတွေထဲမှာ အလန်းဆုံး Xperia XZ စီးရီးတစ်မျိုးကို လာမယ့် MWC 2018 ပွဲတော်မှာ တွေ့ မြင်ရဖို့ ရှိနေပါတယ်။ဈးနှုန်းအနေနဲ့ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ယွမ် ၆၀၀၀ ကျော်(မြန်မာငွေ ၁၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ ဒါဟာ နာမည်ကြီး iPhone X လောက်နီးနီး ဈေးကြီးတဲ့ ဖုန်းဖြစ်တာကြောင့် ဒီဈေးနဲ့ တန်တဲ့ ဖုန်းဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ....

ဘေးဘောင်ပျောက် Edge-to-Edge display ခေတ်ထဲ ဝင်ရောက်လာတဲ့ Sony ဟာ ၂၀၁၈ ခုနှစ်အတွက် ကုမ္ပဏီရဲ့ flagship အဖြစ် Xperia XZ Pro ကို ကြေငြာသွားမှာ ဖြစ်ပြီး Sony ဖုန်းတွေထဲမှာ အထူးခြားဆုံးစမတ်ဖုန်း အဖြစ်လည်း ယူဆထားပါတယ်။ မျက်နှာပြင် ၅.၇ လက်မ ရှိတဲ့ ဒီဖုန်းဟာ 4K resolution ရုပ်ထွက်ပါရှိမယ့် OLED screen ကို သုံးသွားမှာ ဖြစ်ပြီး ကိုယ်ထည်အချိုးအစားကလည်း သေးသွယ်ရှည်လျားတဲ့ 18:9 aspect ratio နဲ့ လာဖို့ ရှိနေပါတယ်။ ဒီဖုန်းကတော့ ရေအနက် ၅ ပေလောက်ကို မိနစ် ၃၀ ကြာအောင် ရေစိမ်ခံနိုင်တဲ့ IP68 rating ရေစိုခံဖုန်းဖြစ်မှာပါ။ပရီမီယံဖုန်းအဖြစ် မြင်ရမယ့် Xperia XZ Pro ဟာ စမတ်ဖုန်းခေတ်ရဲ့ နောက်ဆုံးထွက် hardware specs တွေကို သုံးသွားမှာ သေချာနေပါတယ်။ processor ပိုင်းမှာလည်း ဒီနှစ်ထဲ မိတ်ဆက်သွားမယ့် Qualcomm နောက်ဆုံးထွက် Snapdragon 845 SoC ကို RAM 6GB/storage 128 GB နဲ့ တွဲသုံးသွားမယ်လို့ သတင်းပြေးနေပါတယ်။ OS စနစ်ပိုင်းမှာလည်း နောက်ဆုံးထွက် Android 8.0 Oreo တစ်ခါတည်း ပါလာမှာ ဖြစ်ပြီး ဘက်ထရီကတော့ 3420 mAh ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။နာက်ထပ်စိတ်ဝင်စားစရာတစ်ခုက ကင်မရာစနစ်ပါ။ ကင်မရာစွမ်းရည်မှ နာမည်ကြီးတဲ့ Sony ဟာ ယခု Xperia XZ Pro မှာ ပထမဆုံးအကြိမ်အဖြစ် ထောင်လိုက် dual camera စနစ်သုံးသွားမှာ ဖြစ်ပြီး ကျောဘက်မှာ 18MP နဲ့ 12MP ကင်မရာနှစ်လုံး တွဲသုံးသွားဖို့ ရှိနေပါတယ်။ ရှေ့ ဆယ်လ်ဖီ ကင်မရာကတော့ 13MP ကင်မရာဖြစ်ပြီး ဒီကင်မရာတွေရဲ့ စွမ်းရည်ကလည်း စိတ်ဝင်စားစရာ ဖြစ်မှာပါ။ SIM ဗားရှင်းအနေနဲ့ ရိုးရိုး တစ်ကဒ်ထိုး အပြင် dual SIM ဗားရှင်းပါ မိတ်ဆက်သွားမယ်လို့ လည်း ဆိုပါတယ်။ဈးနှုန်းအနေနဲ့ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ယွမ် ၆၀၀၀ ကျော်(မြန်မာငွေ ၁၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ ဒါဟာ နာမည်ကြီး iPhone X လောက်နီးနီး ဈေးကြီးတဲ့ ဖုန်းဖြစ်တာကြောင့် ဒီဈေးနဲ့ တန်တဲ့ ဖုန်းဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

WIRELESS CHARGING စနစ်ပါ IPHONE SE 2 ကို APPLE မိတ်ဆက်သွားဖို့ ရှိiPhone သမိုင်းမှာ အကောင်းဆုံးစာရင်းဝင် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ iPhone SE ရဲ့ ဒုတိယမျိုးဆက်ဗားရှင်းသစ်ကို ဒီနှစ်ထဲမှာ မြင်ရဖို့ ရှိနေပါတယ်။ ဒီဖုန်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းတစ်ခုကတော့ iPhone SE 2 ဟာ မှန်ကိုယ်ထည်နဲ့ ထွက်လာမှာ ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်ပါ ပံ့ပိုးပေးသွားမယ် ဆိုတာပါပဲ...



၂၀၁၆ ခုနှစ်ထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ iPhone SE ဟာ ၂၀၁၃ ထုတ် iPhone 5S ကို redesign လုပ်ပြီး ထွက်ခဲ့တာပါ။ ထူးခြားတာက ဒီဖုန်းဟာ ဒီဇိုင်းပိုင်းအရသာာ iPhone 5S ကို ပြန်သုံးထားပေမယ့် ကင်မရာပိုင်းမှာတော့ iPhone 6s နဲ့ စွမ်းဆောင်ရည်ချင်းတူလို့ လူကြိုက်အများဆုံး ၄ လက်မ iPhone လည်း ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ အကျော်ကြားဆုံး မူရင်း ဒီဇိုင်းဟန်ကိုလည်း ဒီဖုန်းဟာ ကောင်းကောင်း အမွေဆက်ခံထားခဲ့တာပါ။ iPhone SE 2 သစ်မှာလည်း ဒီဖုန်းဟာ သူ့ အရင် ထွက်ခဲ့တဲ့ အကောင်းဆုံး iPhone တွေရဲ့ key features တွေ ဆက်ထည့်သွားဖို့ ရှိနေပါတယ်။ လက်ရှိ သတင်းတွေအရတော့ ဒီဖုန်းဟာ iPhone 8 စီးရီးနဲ့ iPhone X တို့ လို ကျောဘက်မှာ glass panel နဲ့ ထွက်လာမယ်လို့ ဆိုတာကြောင့် wireless charging နဲ့ အားသွင်းနိုင်မယ်လို့ ယူဆရပါတယ်။ဒီနှစ်မှာ မိတ်ဆက်သွားဖို့ ရှိတဲ့ iPhone SE 2 ကတော့ မျက်နှာပြင် အရွယ်အစားကို ၄ လက်မကနေ ၄.၂ လက်မထိ မြှင့်သွားဖို့ ရှိပြီး processor ကိုလည်း iPhone 7 မှာ သုံးခဲ့တဲ့ A10 Fusion chipset ကို သုံးသွားမယ်လို့ ဆိုပါတယ်။ strorage အနေနဲ့ မူရင်း 32GB storage အပြင် 128GB ဗားရှင်းပါ အသစ်ထပ် ဖြည့်သွားဖို့ ရှိနေပါတယ်။ RAM ပမာဏကတော့ iPhone တွေရဲ့ ထုံးစံအတိုင်း သိပ်အများကြီးမဟုတ်တဲ့ 2GB ပမာဏပဲ ပါရှိဖို့ ရှိနေပါတယ်။ iPhone SE 2 မှာ သုံးသွားဖို့ ရှိတဲ့ ဘက်ထရီပါဝါကတော့ 1700 mAH ဘက်ထရီဖြစ်ပြီး ကျောဘက်ကင်မ၇ာ 12MP နဲ့ ရှေ့ ဆယ်လ်ဖီကင်မရာ 5MP တို့ ပါရှိမယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ iPhone X လိုမျိုး Home button မပါတဲ့ ဖုန်းဖြစ်မလား ဒါမှမဟုတ် iPhone တွေရဲ့ အစဉ်အလာကိုပဲ ဆက်ထိန်းသွားမလားဆိုတာ မသိရသေးပါဘူး။လက်ရှိ ခန့် မှန်းဈေးနှုန်းအရတော့ iPhone SE 2 ဟာ ဒေါ်လာ ၄၀၀ ပတ်ချာလည် (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) လောက် ဈေးပေါက်ဖို့ ရှိပြီး တကယ်လို့ glass body နဲ့ လာပြီး wireless charging support ပေးနိုင်မယ်ဆိုရင်တော့ တန်ဖိုးသင့် iPhone တွေထဲမှာ အဆင့်မြင့်ဆုံး ဖုန်းလို့ တောင် ပြောနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ ဆောင်းရာသီအိုလံပစ်အမှီ EDITION သစ်နဲ့ GALAXY NOTE 8 ကို SAMSUNG မိတ်ဆက်ဖေဖော်ဝါရီလ ၉ ရက်ကနေ ၂၅ ရက်နေ့ အထိ တောင်ကိုရီးယားနိုင်ငံ Pyeong Chang မြို့ မှာ ကျင်းပသွားမယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်မတိုင်ခင်လေးမှာ Samsung မှ Galaxy Note 8 ကို Edition သစ်နဲ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။Galaxy Note 8 ဟာ အရင် Galaxy S8 စီးရီးစမတ်ဖုန်းတွေလိုပဲ Infinity Display နဲ့ ထွက်လာပြီး မျက်နှာပြင်အရွယ်အစား ၆.၃ လက်မအရွယ် Super AMOLED display ပါရှိပါတယ်။ ကိုယ်ထည်ထောင့်တွေကလည်း ခပ်လုံးလုံးဒီဇိုင်းနဲ့ ဖြစ်ပြီး Samsung ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာနှစ်လုံးပါတဲ့ ဖုန်းလည်း ဖြစ်ပါတယ်...

PyeongChang 2018 Olympic Edition အနေနဲ့ မိတ်ဆက်ထားတဲ့ Galaxy Note 8 ထဲမှ အလုံးရေ ၄၀၀၀ ကျော်ကို နိုင်ငံတကာအိုလံပစ်ပွဲတော်ဖြစ်မြောက်ရေးကော်မတီနဲ့ ပြိုင်ပွဲလာအားကစားသမားများကို လက်ဆောင်ပေးသွားမှာပါ။ ဒီဇိုင်းပိုင်းမှာ ဆောင်းရာသီကိုယ်စားပြု တောက်ပတဲ့ အဖြူရောင်ကျောဘက်ကာဗာကိုမှ အိုလံပစ်ဒီဇိုင်း ရွှေရောင်ကွင်းကလေး ၅ ခုနဲ့ အလှဆင်ထားတာပါ။ ဒီ Edition မှာတော့ S Pen နဲ့ ခလုတ်တွေကအစ ရွှေနဲ့ ဆင်ထားတာ ဖြစ်ပြီး wallpapers နဲ့ apps တွေကိုလည်း PyeongChang 2018 ပွဲတော် theme နဲ့ သက်သက် ထွက်လာတာ ဖြစ်ပါတယ်။ တစ်ခြား အတွင်းပိုင်း specs တွေအနေနဲ့ တော့ ပြောင်းလဲမှုမရှိပါဘူး။Galaxy Note 8 ဟာ အရင် Galaxy S8 စီးရီးစမတ်ဖုန်းတွေလိုပဲ Infinity Display နဲ့ ထွက်လာပြီး မျက်နှာပြင်အရွယ်အစား ၆.၃ လက်မအရွယ် Super AMOLED display ပါရှိပါတယ်။ ကိုယ်ထည်ထောင့်တွေကလည်း ခပ်လုံးလုံးဒီဇိုင်းနဲ့ ဖြစ်ပြီး Samsung ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာနှစ်လုံးပါတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။memory အနေနဲ့  RAM 6GB သုံးထားပြီး processor ကိုတော့ ဈေးကွက်ပေါ်လိုက်ပြီး Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 835 chipset နဲ့ Samsung ပိုင် Exynos 8895 chipset တို့ ကို သုံးထားပါတယ်။ ကျောဘက်မှာ 12MP ကင်မရာနှစ်ခု ပါရှိလာပြီး telephoto အဝေးဆွဲရိုက်ချက်များ ၊ Live Focus နဲ့ Depth effect များ ရိုက်ကူးနိုင်မှာပါ။ ရှေ့ ကင်မရာကတော့ 8MP ကင်မရာ သုံးထားပါတယ်။ Android Version အဖြစ် နောက်ဆုံးပေါ် Android 7.1.1 Nougat ပါရှိပြီး Galaxy S8 လိုပဲ DeX workstation များလည်း support ပေးထားပါတယ်။ ဘက်ထရီကိုတော့ 3300 mAh ဘက်ထရီဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်ရော USB-C Type ကနေပါ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။Samsung ဟာ ယခုနှစ် Pyeong Chang 2018 ဆောင်းရာသီအိုလံပစ်ပွဲတော်မှာ Main Sponsor အဖြစ် ပါဝင်အားဖြည့်ထားတာပါ။ ဒါဟာ Samsung အနေနဲ့ တောင်ကိုရီးယားအိုလံပစ်ပွဲတော်မှာ ဒုတိယအကြိမ် ပါဝင်ဆင်နွှဲလာတာ ဖြစ်ပြီး ပထမဆုံးအကြိမ်က ၁၉၈၈ ခုနှစ်က ဆိုးလ်မှာ ကျင်းပခဲ့တဲ့ ပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်။


နားကြပ်ပေါက်မပါတဲ့ ပထမဆုံး SONY XPERIA စမတ်ဖုန်း မကြာခင် ဖြန့် ချိသွားမည်ကမ္ဘာပေါ်မှာ 3.5mm နားကြပ်ပေါက်ကို ပထမဆုံး ဖြုတ်သွားတဲ့ ဖုန်းက Motorola ထုတ် Moto Z ဖုန်းဖြစ်ပြီး သူ့ နောက်မှာ နာမည်ကြီး iPhone 7 စီးရီးကစလို့ 3.5mm နားကြပ်ပေါက် မပါတော့ပါဘူး။ တစ်ခုရှိတာက အန်းဒရိုက်ဖုန်းလောကမှာ နာမည်ကြီးတဲ့ Samsung ၊ LG နဲ့ Sony တို့ ကတော့ အစဉ်အလာမပြတ် 3.5mm နားကြပ်ဆက်သုံးနေဆဲပါ။ပီးခဲ့တဲ့တစ်ပတ် အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ရဲ့ ထောက်ခံချက်ထဲမှာ Sony ဟာ 3.5mm နားကြပ်ပေါက် မပါတော့တဲ့ ဖုန်းတစ်လုံးကို စာရင်းတင်ထားခဲ့တာဖြစ်လို့ Sony ဟာ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေကို အပြောင်းအလဲ လုပ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ FCC ID မှာတော့ PY7-21831A နာမည်နဲ့ ထောက်ခံချက်ရထားတာ ဖြစ်ပြီး ဖုန်းနာမည်ကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းမှာ USB Type C port ကိုပဲ အသံစနစ်အတွက်ရော အားသွင်းဖို့ ပါ သုံးထားတာ ဖြစ်လို့ 3.5mm headphone Jack လုံးဝဖြုတ်ပစ်သွားမယ်လို့ ယူဆရပါတယ်...

နားကြပ်ပေါက်မပါတဲ့ ပထမဆုံး SONY XPERIA စမတ်ဖုန်း မကြာခင် ဖြန့် ချိသွားမည်ကမ္ဘာပေါ်မှာ 3.5mm နားကြပ်ပေါက်ကို ပထမဆုံး ဖြုတ်သွားတဲ့ ဖုန်းက Motorola ထုတ် Moto Z ဖုန်းဖြစ်ပြီး သူ့ နောက်မှာ နာမည်ကြီး iPhone 7 စီးရီးကစလို့ 3.5mm နားကြပ်ပေါက် မပါတော့ပါဘူး။ တစ်ခုရှိတာက အန်းဒရိုက်ဖုန်းလောကမှာ နာမည်ကြီးတဲ့ Samsung ၊ LG နဲ့ Sony တို့ ကတော့ အစဉ်အလာမပြတ် 3.5mm နားကြပ်ဆက်သုံးနေဆဲပါ။ပီးခဲ့တဲ့တစ်ပတ် အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ရဲ့ ထောက်ခံချက်ထဲမှာ Sony ဟာ 3.5mm နားကြပ်ပေါက် မပါတော့တဲ့ ဖုန်းတစ်လုံးကို စာရင်းတင်ထားခဲ့တာဖြစ်လို့ Sony ဟာ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေကို အပြောင်းအလဲ လုပ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ FCC ID မှာတော့ PY7-21831A နာမည်နဲ့ ထောက်ခံချက်ရထားတာ ဖြစ်ပြီး ဖုန်းနာမည်ကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းမှာ USB Type C port ကိုပဲ အသံစနစ်အတွက်ရော အားသွင်းဖို့ ပါ သုံးထားတာ ဖြစ်လို့ 3.5mm headphone Jack လုံးဝဖြုတ်ပစ်သွားမယ်လို့ ယူဆရပါတယ်...FCC ရဲ့ ထောက်ခံချက်အရ Sony ရဲ့ စမတ်ဖုန်းသစ်ဟာ ၁၅၂.၇၉ မီလီမီတာ ရှည်ပြီး ၇၂.၄၂ မီလီမီတာ အနံပါရှိမှာ ဖြစ်လို့ ခန့် မှန်းခြေ မျက်နှာပြင်ဆိုဒ် ၅.၇ လက်မ ပါရှိဖို့ ရှိနေပါတယ်။ အမေရိကန်ဈေးကွက်ထဲပဲ ဖြန့် ချိသွားဖို့ ရှိတဲ့ ဒီဖုန်းဟာ ရှေ့ လထဲ ကျင်းပသွားမယ့် MWC 2018 ပွဲမှာ မြင်ရမလား ။ စောင့်ကြည့်ကြပါစို့ ။


ဒေါက်တာဘွဲ့ယူကျောင်းသားကို ပုဂ္ဂိုလ်ရေးကိစ္စတွေ ခိုင်းစေခဲ့တဲ့ တရုတ်ပါမောက္ခ အပြစ်ပေးခံရတရုတ်နိုင်ငံမှာ ဒေါက်တာဘွဲ့ (ပါရဂူဘွဲ့) ယူရန် ပြင်ဆင်နေတဲ့ ကျောင်းသားတစ်ဦးကို ၎င်းရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေသာ ခိုင်းစေခဲ့တဲ့ တက္ကသိုလ်ပါမောက္ခ ဆရာမတစ်ဦးအား ဒေါက်တာဘွဲ့ယူ ကျောင်းသူကျောင်းသားတွေကို ကြီးကြပ်ခွင့်ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်...

Beijing News က ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြမှုအရ Xi'an Jiaotong တက္ကသိုလ်မှ ဆေးဝါးဗေဒအထူးပြု ကျောင်းသား ယန်ဘာအိုဒီဟာ ဈေးဝယ်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ ပါမောက္ခဖြစ်သူရဲ့ နေ့စဉ် အိမ်မှုကိစ္စတွေကို ဖိအားပေး ခိုင်းစေခံခဲ့ရတယ်လို့ သိရပါတယ်။ပါမောက္ခရဲ့ ဝေယျာဝစ္စအလုပ်တွေကို ထိုသို့ လုပ်ဆောင်းပေးခဲ့ရခြင်းဟာ နှစ်နဲ့ချီကြာခဲ့ကြောင်း ဒေါက်တာဘွဲ့ယူကျောင်းသားယန်ရဲ့ ချစ်သူ ဝူကျီက ပြောပါတယ်။ယခုဖြစ်ရပ်ကို ပြီးခဲ့တဲ့လအတွင်း ယန် ကွယ်လွန်ခဲ့ပြီးနောက် ချစ်သူဖြစ်တဲ့ ဝူကျီက ယန်ရဲ့ WeChat အကောင့်မှာ ပါမောက္ခ ဆရာမ Zhou Jun နဲ့ အပြန်အလှန် ပြောဆိုထားမှု မှတ်တမ်းတွေကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ရာက လူအများကြား သတင်းပျံ့နှံ့ သိရှိခဲ့ကြတာ ဖြစ်ပါတယ်ဝူကျီရဲ့ အဆိုအရ သူမရဲ့ချစ်သူဟာ ပါမောက္ခဆရာမအတွက် နေ့စဉ်လိုအပ်တာတွေ အမြဲလိုဝယ်ပေးရကြောင်း၊ သူမရဲ့ကားကိုလည်း ရေဆေးပေးရပြီး သူမနဲ့အတူ မာကျောက် (mahjong) ကစားပေးရကြောင်း South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ပါမောက္ခဆရာမရဲ့ အရေးမပါလှတဲ့ ဝေယျာဝစ္စတွေကို နေ့စဉ်လုပ်ကိုင်ပေးနေရတာကြောင့် ယန်အတွက် ဘွဲ့ယူစာတမ်းပြုစုရန် အချိန်နည်းပါးခဲ့ရတယ်လို့လည်း ဝူကျီက ပြောပါတယ်။Beijing News က ယခုသတင်းနဲ့ ပတ်သက်ပြီး ပါမောက္ခဖြစ်သူကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့ပေမဲ့ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။