Monday, January 22, 2018

WIRELESS CHARGING စနစ်ပါ IPHONE SE 2 ကို APPLE မိတ်ဆက်သွားဖို့ ရှိiPhone သမိုင်းမှာ အကောင်းဆုံးစာရင်းဝင် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ iPhone SE ရဲ့ ဒုတိယမျိုးဆက်ဗားရှင်းသစ်ကို ဒီနှစ်ထဲမှာ မြင်ရဖို့ ရှိနေပါတယ်။ ဒီဖုန်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းတစ်ခုကတော့ iPhone SE 2 ဟာ မှန်ကိုယ်ထည်နဲ့ ထွက်လာမှာ ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်ပါ ပံ့ပိုးပေးသွားမယ် ဆိုတာပါပဲ...



၂၀၁၆ ခုနှစ်ထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ iPhone SE ဟာ ၂၀၁၃ ထုတ် iPhone 5S ကို redesign လုပ်ပြီး ထွက်ခဲ့တာပါ။ ထူးခြားတာက ဒီဖုန်းဟာ ဒီဇိုင်းပိုင်းအရသာာ iPhone 5S ကို ပြန်သုံးထားပေမယ့် ကင်မရာပိုင်းမှာတော့ iPhone 6s နဲ့ စွမ်းဆောင်ရည်ချင်းတူလို့ လူကြိုက်အများဆုံး ၄ လက်မ iPhone လည်း ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ အကျော်ကြားဆုံး မူရင်း ဒီဇိုင်းဟန်ကိုလည်း ဒီဖုန်းဟာ ကောင်းကောင်း အမွေဆက်ခံထားခဲ့တာပါ။ iPhone SE 2 သစ်မှာလည်း ဒီဖုန်းဟာ သူ့ အရင် ထွက်ခဲ့တဲ့ အကောင်းဆုံး iPhone တွေရဲ့ key features တွေ ဆက်ထည့်သွားဖို့ ရှိနေပါတယ်။ လက်ရှိ သတင်းတွေအရတော့ ဒီဖုန်းဟာ iPhone 8 စီးရီးနဲ့ iPhone X တို့ လို ကျောဘက်မှာ glass panel နဲ့ ထွက်လာမယ်လို့ ဆိုတာကြောင့် wireless charging နဲ့ အားသွင်းနိုင်မယ်လို့ ယူဆရပါတယ်။ဒီနှစ်မှာ မိတ်ဆက်သွားဖို့ ရှိတဲ့ iPhone SE 2 ကတော့ မျက်နှာပြင် အရွယ်အစားကို ၄ လက်မကနေ ၄.၂ လက်မထိ မြှင့်သွားဖို့ ရှိပြီး processor ကိုလည်း iPhone 7 မှာ သုံးခဲ့တဲ့ A10 Fusion chipset ကို သုံးသွားမယ်လို့ ဆိုပါတယ်။ strorage အနေနဲ့ မူရင်း 32GB storage အပြင် 128GB ဗားရှင်းပါ အသစ်ထပ် ဖြည့်သွားဖို့ ရှိနေပါတယ်။ RAM ပမာဏကတော့ iPhone တွေရဲ့ ထုံးစံအတိုင်း သိပ်အများကြီးမဟုတ်တဲ့ 2GB ပမာဏပဲ ပါရှိဖို့ ရှိနေပါတယ်။ iPhone SE 2 မှာ သုံးသွားဖို့ ရှိတဲ့ ဘက်ထရီပါဝါကတော့ 1700 mAH ဘက်ထရီဖြစ်ပြီး ကျောဘက်ကင်မ၇ာ 12MP နဲ့ ရှေ့ ဆယ်လ်ဖီကင်မရာ 5MP တို့ ပါရှိမယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ iPhone X လိုမျိုး Home button မပါတဲ့ ဖုန်းဖြစ်မလား ဒါမှမဟုတ် iPhone တွေရဲ့ အစဉ်အလာကိုပဲ ဆက်ထိန်းသွားမလားဆိုတာ မသိရသေးပါဘူး။လက်ရှိ ခန့် မှန်းဈေးနှုန်းအရတော့ iPhone SE 2 ဟာ ဒေါ်လာ ၄၀၀ ပတ်ချာလည် (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) လောက် ဈေးပေါက်ဖို့ ရှိပြီး တကယ်လို့ glass body နဲ့ လာပြီး wireless charging support ပေးနိုင်မယ်ဆိုရင်တော့ တန်ဖိုးသင့် iPhone တွေထဲမှာ အဆင့်မြင့်ဆုံး ဖုန်းလို့ တောင် ပြောနိုင်မှာ ဖြစ်ပါတယ်။

1 comment:

  1. Casino Site | Odds & Live Dealer Review | LuckyClub.live
    Casino Site | Odds & Live Dealer Review · Live Casinos · Live Dealer Roulette · luckyclub.live Live Dealer Poker · Live Dealer Casino. · Live Casino · Live Dealers · Live Dealer Blackjack

    ReplyDelete